"ရွှေတံတား"ကို'လာ 

ရွှေတစ်ရွေးနဲ့ ရွှေဝတ်ပါ။

အရည်အသွေးပြည့် ရွှေထည်များကို ရွှေချိန်အနည်းဆုံးဖြင့် ရရှိအောင် ဖန်တီးပြုလုပ်ထားသည့်အတွက် လူတိုင်း ဝတ်ဆင်ရန်နှင့် လက်ဆောင်မျှဝေနိုင်ရန် ရည်မှန်းပါသည်။

အာမလည်းခံ စျေးလည်းမှန် 

ဖော်ရွေစိတ်ထား "ရွှေတံတား"

အခမ်းအနား အစီအစဉ်များ

"ရွှေတံတား" စိန်ရွှေရတနာလုပ်ငန်းအုပ်စု၏ ဆိုင်အမှတ် (၃) စိန်ရွှေရတနာပြခန်း ဖွင့်လှစ်သည့်အခမ်းအနားတွင် ကျင်းပပြုလုပ်မည့် ဗလာမပါဆုမဲအစီအစဉ်၊ နှစ်ထပ်ကွမ်းကံထူးခွင့်အစီအစဉ်၊ တည်ခင်းဧည့်ခံမည့် မြန်မာထမင်းဟင်းလျာများ...


ပိုမိုသိရှိရန် 

Trending Products

ကျွန်ုပ်တို့သည် ဆက်စပ်သူ အားလုံးကို အကျိုးပြုနိုင်သော ရေရှည်တည်တံ့သည့် လုပ်ငန်းစုတစ်ရပ် ဖြစ်လာစေရန် မျှော်ရည်ပါသည်။

Trending Products

ငွေကျပ်တစ်သောင်းကျော်နဲ့ ဒီလို မီးလင်းအခေါက်ရွှေတုံး သကြားခဲလေးတွေကို ဖက်ရှင်ကျကျ တွဲဖက်ဝတ်ဆင်ကြည့်ကြည့်ကြမယ်နော်... 

ရွှေရည်-၁၆ပဲရည် (မီးလင်းအခေါက်ရွှေ၊၉၉.၉ ရာခိုင်နှုန်းပြည့်ရွှေရည်)

ငွေခုနှစ်သောင်းနဲ့ ဒီလိုရွှေခေါင်းစည်းလေး ရမယ်ဆို အံ့များဩသွားမလားနော်...

ရွှေရည် ၁၄ပဲ ၂ပြားရည်ထက် နည်းနည်းမှမလျော့တဲ့ ရွှေပါဝင်မှုနှုန်း ၉၁.၄ ရာခိုင်နှုန်းပြည့် ဖြစ်တဲ့အတွက် ရွှေရည်ညံ့မှာ စိတ်မပူရသလို ခိုင်ခံ့မှုလည်း အထောက်အကူဖြစ်အောင် နည်းစနစ်တကျ ပြုလုပ်ထားပါတယ်။ ကိုယ်တိုင်ဝတ်မလား၊ လက်ဆောင်ပေးမလား အိုကေမှာ စိုပြေပါပဲ။


ဒေါ်ဒေါ်လား၊ မေမေလား၊ ဘွားဘွားလား ?

၁၄ပဲ ၂ပြားရည်နဲ့ပြုလုပ်ထားပြီး တစ်သိန်းကျော်လောက်နဲ့ ဒီလိုရွှေဘီးတစ်ချောင်းကို ဝယ်နိုင်ပြီဆိုတော့ ကိုယ့်ရဲ့ချစ်ခြင်းတရားတွေကို လေးစားမှုနဲ့ ဖော်ထုတ်ပြသမယ့် သင်္ကေတလေးအဖြစ် ပို့ပေးလိုက်ရအောင်နော်...

ချစ်ခြင်းမေတ္တာတွေကို ပေါင်းကူးမျှဝေပေးမယ့် ဖော်ရွေစိတ်ထား "ရွှေတံတား"ပါ။


အခေါက်ရွှေဆွဲသီး

မီးလင်းအခေါက်ရွှေနဲ့လုပ်ထားတဲ့ ဒီလိုဆွဲသီးလေးတွေကို ဒီလိုရွှေဈေးတွေနဲ့ကို ငွေကျပ်ခြောက်သောင်းကျော်လောက်နဲ့ ရနိုင်နေတာပါနော်...

ကိုယ်ပိုင်ဆန်းသစ်မှု

မြန်မာစကားမှာ သံတူတဲ့ ၈၈၄ နဲ့ ချစ်ချစ်လေးကို ကိုယ်ပိုင်ဆန်းသစ်မှုတစ်ခုအဖြစ် ဦးဦးဖျားဖျား ဖန်တီးဆန်းသစ်ထားတဲ့ လက်ရာလေးပါ။ လက်မှာဝတ်တဲ့ ဟန်းချိန်းအပြင် လက်စွပ်နဲ့လည်း ဝမ်းဆက်ပြုလုပ်ထားတာတွေ ရှိပါတယ်နော်...

ရွှေနှင့် ကျွန်းနက်

လူအများ သိဒ္ဓိဝင်တယ်လို့ ယုံကြည်ကြတဲ့ ကျွန်းနက်သားကို ရွှေနဲ့ပေါင်းစပ်ပြီး ဒီလို နေ့စဉ်ဝတ်စဉ်လို့ရတဲ့ ပစ္စည်းလေးတွေအဖြစ် ငွေကုန်ကြေးကျ မများစေဘဲ စေတနာအရင်းခံလို့ ဖန်တီးပြုလုပ်ထားတာပါ။

သူမတူတဲ့ချစ်ဖွယ်

ရွှေရည်လည်းကောင်းရမယ်၊ ချစ်စဖွယ်လည်းကောင်းရမယ်၊ ဈေးနှုန်းလည်း သင့်တင့်ရမယ်ဆို "ရွှေတံတား"သာ သတိရလိုက်ပါ။

International Branded 

နိုင်ငံတကာ လူသိများထင်ရှားတဲ့ ဒီဇိုင်းပုံစံတွေကို ကြိုက်နှစ်သက်တယ်ဆိုရင်လည်း 750 (18K) အရည်အသွေးပြည့်နဲ့ ဖန်တီးပြုလုပ်ထားတဲ့ နိုင်ငံတကာလက်ရာ လက်ဝတ်ရတနာထည်တွေလည်း ရရှိနိုင်နေပါပြီ။

ရွှေဖြူချစ်သူ

ပလက်တီနမ်လို ဖြူဖြူလွလွ လက်ဝတ်ရတနာမှ ကြိုက်နှစ်သက်သူတွေအတွက် ငွေကျပ် သုံးသောင်းကျော်လောက်ကနေစပြီး ဝတ်ဆင်လို့ရတဲ့ ရတနာထည်လေးတွေကို ရွှေတံတားမှာ ရနိုင်တာမို့ အချိန်လေးပေးပြီး လာရောက်ကြည့်ရှုလှည့်ပါနော်...

ရွှေပန်းထိမ်ဝန်ဆောင်မှု

ရွှေပန်းထိမ်လုပ်ငန်း

  • အတွေ့အကြုံရှိ ဝါရင့် ပန်းထိမ်ဆရာကြီးမှ ဦးဆောင်ထားခြင်း။
  • စိတ်တိုင်းကျ ဒီဇိုင်းများ အော်ဒါအပ်နှံနိုင်ခြင်း။
  • ကွန်ပျူတာ သုံးဖက်မြင် ဒီဇိုင်းများ ရေးဆွဲပေးခြင်း။
  • မည်သည့်ရွှေထည်မဆို ပြုပြင်ဝန်ဆောင်မှုပေးခြင်း။
  • ရတနာထည် အပိုပစ္စည်းများ ပြုလုပ်ပေးခြင်း။
  • စာလုံး၊ ဓာတ်ပုံများအား လေဆာထွင်းထုပေးခြင်း။
  • ရိုးရာလက်လုပ်ပန်းထိမ်ကို ခေတ်မီစက်ကိရိယာများဖြင့် ပြုလုပ်ပေးခြင်း။

မည်သည့်ဆိုင်ထည်/အပြင်ထည်မဆို အခမဲ့ အကန့်အသတ်မရှိ

ရွှေအရည်အသွေးကို ဓာတ်ရောင်ခြည်စမ်းစက်၊ သိပ်သည်းဆစမ်းစက်တို့ဖြင့် စစ်ဆေးပေးခြင်း၊ အသံလွန်လှိုင်းစက်ဖြင့် ချေးချွတ်သန့်စင်ပေးခြင်း၊ နားတိုင်ဖြောင့်ပေးခြင်း၊ ကလစ်ရွှေကွာ ပြန်ကပ်ပေးခြင်း၊ ကျောက်ပြုတ်ပြန်တပ်ပေးခြင်း၊ လက်စွပ်၊ လက်ကောက် ကွင်းညှိပေးခြင်း (အကျစ်ထည်)များ ဆောင်ရွက်ပေးပါသည်။

ချစ်ရသော Customer တို့ရဲ့ Review လေးများ

ချစ်ရသော Customer 
တို့ရဲ့
 Review လေးများ

ကျွန်ုပ်တို့အကြောင်း

ကျွန်ုပ်တို့သည် မန္တလေးမြို့အခြေစိုက် စိန်ရွှေရတနာလုပ်ငန်းစုတစ်ခုဖြစ်ပြီး အနယ်နယ်အရပ်ရပ်မှ ကာစတမ်မာများကို အွန်လိုင်း၊ မြေပြင်ကြားခံနှစ်ရပ်ဖြင့် ထုတ်ကုန်နှင့် ဝန်ဆောင်မှုများ ပေးအပ်လျက်ရှိပါသည်။ "ရွှေတံတား"ဟူသည့် အမည်နာမသည် ၁၉၉၅-ခုနှစ်တွင် လုပ်ငန်းစုနာယက ဦးဉာဏ်ဝင်းနှင့် ဒေါ်တင်တင်အေးတို့မှ မြို့တော်စည်ပင်၏ အသေးစား ငွေရေးကြေးရေးလုပ်ငန်းလိုင်စင်ဖြင့် ငွေချေးလုပ်ငန်းအဖြစ် စတင်တည်ထောင်ခဲ့ပါသည်။

ပိုမိုသိရှိရန်